
ဂျပန်ရိုးရာ လက်ဖက်ရည်ပွဲ

ဂျပန်ရိုးရာလက်ဖက်ရည်ပွဲဟာ ဂျပန်ပြည်တွင်းမှာသာမက တစ်ကမ္ဘာလုံးကပင် အသိအမှတ်ပြုလက်ခံထားတဲ့ ဂျပန်ရိုးရာယဥ်ကျေးမှုတစ်ခုဖြစ်ပါတယ်။
ဂျပန်ရိုးရာ လက်ဖက်ရည်ပွဲမှာ လိုက်နာရမယ့် အချက်တွေကတော့ နေ့စဉ်လူမှုဘဝ အပြုအမှုတွေနှင့် အလားတူပင်ဖြစ်ပြီး၊ မိမိအထက် လူကြီးသူမများကို လေးစားကာ လက်ဖက်ရည်ပွဲ တက်ရောက်လာသူများကို စိတ်ငြိုငြင်မှုမဖြစ်စေဖို့ ဂရုပြုရပါမယ်။
အသေးစိတ်အနေဖြင့် ခြေအိတ်အဖြူကို ဝတ်ဆင်ရမှာဖြစ်ပြီး လက်ဝတ်ရတနာတွေ မဝတ်ဆင်ရပါ။ (လက်ဖက်ရည်ဖျော်ကိရိယာတွေကို ထိခိုက်ပွန်းပဲ့မှုမှ ကာကွယ်ဖို့ ဖြစ်ပါတယ်။) လက်ဖက်ရည်ပွဲ လာမချမီ မုန့်များ စားသောက်ခြင်း မပြုရပါ။ လက်ဖက်ရည်ဖျော်ပုံဖျော်နည်းမှာ အမှန်ကတော့ သိပ်မခက်ခဲလှပါ။ ဉပမာအနေဖြင့် မုန့်များကို မိမိမှ အရင်ဦးစွာ သုံးဆောင်မည်ဆိုပါက “Osakini Itadakimasu” ဟုပြောကြားပြီးမှ စားသုံးပါ။ လက်ဖက်ရည် သုံးဆောင်ရာတွင် လက်ဖက်ရည်ပန်းကန်ပေါ်ရှိ ရုပ်ပုံများ စွန်းထင်းမှု မရှိစေဖို့အတွက် လက်ဖက်ရည်ပန်းကန်ရဲ့ ရှေ့မျက်နှာစာဘက်မှ မသောက်ရပါ။ အခွင့်အခါကြုံကြိုက်ပါက မိတ်ဆွေတို့လည်း ဂျပန်ရိုးရာ လက်ဖက်ရည်ပွဲအကြောင်းကို လေ့လာကြဖို့ တိုက်တွန်းလိုက်ပါတယ်။