ကနေဒါနိုင်ငံ၏ ကုန်စုံဆိုင်လုပ်ငန်းကြီး Alimentation Couche-Tard သည် Seven & i Holdings ကို ယန်း ၇ ထရီလီယံခန့် တန်ဖိုးရှိသော ဝယ်ယူရန် အဆိုပြုချက်ကို ရုပ်သိမ်းလိုက်သည်။ Seven & i ဘက်မှ အဓိပ္ပါယ်ရှိသော ဆွေးနွေးမှုများကို လက်မခံခြင်းကြောင့်ဟု ဆိုသည်။ ကုမ္ပဏီနှစ်ခုသည် မေလတွင် လျှို့ဝှက်ထိန်းသိမ်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သော်လည်း Couche-Tard က ဆွေးနွေးမှုအကြိမ်ရေနှင့် ပိုင်ဆိုင်မှုအကဲဖြတ်ခြင်း အကြောင်းအရာများ ကန့်သတ်ထားသည်ဟု ပြောဆိုထားသည်။
NHK News မှကိုးကားယူ၍ ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါသည်။
Ref -> https://www3.nhk.or.jp/news/html/20250717/k10014865471000.html